Tuesday, 17 May 2022

၁၂နှစ်အောက်ကလေးများ  အသက်ရှူလမ်းကြောင်းထဲ အစာ(သို့)အရာဝတ္ထုတစ်ခုခု နင်နေပါက ရှေးဦးပြုစုနည်း

ကလေးဟာ ချောင်းဆိုးမယ် အသက်ရှူရတာခက်ခဲမယ် အသံထွက်လို့မရတော့ဘူး(မငိုနိုင်တော့ဘူး)၊ မျက်နှာပြာနမ်းလာမယ်၊ ဒါဆိုရင်တော့ သေချာနေပါပြီ ကလေးဟာ နင်နေပါပြီ။ ဒီအချိန်မှာ အသက်အန္တရာယ်အရမ်းစိုးရိမ်နေရပါပြီ  သင်ဘာလုပ်မလဲ။
ပထမဦးစွာ သင့်ဘေးရှိလူကို emergency ဖုန်းခေါ်ခိုင်းပါ။  ဒီအချိန်မှာ ကလေးအတွက်မိနစ်တိုင်းက အရမ်းအရေးကြီးပါတယ်။ ထို့ကြောင့်အရေးပေါ်ကားမလာခင် ရှေးဦးအသက်ကယ် (Heimlich Maneuver) နည်းလမ်းကိုအသုံးပြုပြီး ကလေးအသက်ကို အရင်ကယ်ပါ။ 















Heimlich Maneuverအသက်ကယ်နည်း
အဆင့် ၁။ ပုံပါအတိုင်း  ကလေး​၏မှေးစိကို သင့်၏ လက်မနှင့်လက်ညိုးကြားထားကာ သင်၏ လက်ဖျံပေါ်တွင် ကလေးအားဝမ်းလျားမှောက်စေပြီး ပေါင်ပေါ်ကလေးထား၍ ကလေးကျောရိုးနှစ်ခုကြားကို လက်ဖမိုးဖြင့်  ၅ချက်အားအနည်းငယ်ထည့်ပြီး ရိုက်ပုပ်ပေးပါ။ (မှတ်ချက် ။ ကလေး​၏ ဦးခေါင်းသည် အောက်ဘက် လျောစိုက်အနေအထားဖြစ်ရပါမည်) ၅ချက် ရိုက်ပုပ်ပြီးလို့ အရာဝတ္ထုထွက်မလာသေးရင် အဆင့် ၂ ကိုဆက်လုပ်ပါ။























အဆင့် ၂။ ကလေးအား ပုံပါအတိုင်း ပေါင်ပေါ်တွင် ပက်လက်လန်အနေအထားဖြင့်  နို့သီးအောက်နား ရင်အုံနှစ်ခုကြားကို လက်နှစ်ချောင်းဖြင့် ၅ချက်ဖိနှိပ်ပေးပါ။ (မှတ်ချက် ။ ရင်အုံရဲ့ ၁/၃ (သို့) ၁/၂ အနက်ထိ ဖိနှပ်ပေးပါ )
အဆင့်၁ နှင့် ၂ အား အရာဝတ္ထု ထွက်လာသည်ထိ  တစ်လှည့်စီ ပြုလုပ်ပါ ။ အကယ်၍ ကလေးငယ်သည် သတိလစ်မေ့မျောသွားပါက (infant CPR) ကလေးနှလုံးခုန်ရှေးဦးပြုစုနည်းကို ပြုလုပ်ပြီး အရာဝတ္ထုကို အာခေါင်းထဲ တွေ့နေရသည့် အနေအထားရှိပါက နှိုက်ထုတ်ပါ (မှတ်ချက်။ အရာဝတ္ထုအားတွေ့ရမှသာ နှိုက်ထုတ်ပါ )

အရာဝတ္ထုအားတွေ့ရမှသာ နှိုက်ထုတ်ပါ


















မလုပ်သင့်တော့အရာများ
❌  ကလေးငယ်သည် ချောင်းအပြင်းဆိုးနေတယ် အော်ဟစ်ငိုနေသေးတယ်ဆို သွားပြီးမနှောက်ယှက်ပါနှင့်။ အကယ်၍အသက်ရှူရှိုက်သံ ပြင်းလာမယ် မငိုတော့ရင်တော့ အထက်ပါ အသက်ကယ်နည်းကို အလျင်အမြန် ပြုလုပ်ပါ။
❌ အကယ်၍ ကလေးငယ်သည် သတိရှိသေးပါက လက်နှိုက်ပြီး အရာဝတ္ထုကို ထုတ်ယူဖို့မကြို့စားပါနဲ့ ။
❌ အကယ်၍ ကလေးငယ်သည် အသက်ရှုရပ်သွားမယ် (သို့) ရင်ကြပ်ရောဂါရှိမယ်ဆိုရင် Heimlich Maneuver နည်းလမ်းကို မသုံးသင့်ပါ။



















သင်ဘယ်လို ကာကွယ်မလဲ
ကလေးငယ်တွေဟာ ကြွေပြားစေ့ထက်သေးတဲ့အရာတွေ ပါးစပ်ထဲထည့်မိပါက နင်တတ်ပါတယ်။ ထို့ကြောင့် ကလေးအစာကို ချက်ပြုပ်ချေမွပြီး (သို့)  သေးသေးလေးတွေပြုလုပ်ပြီးမှ ကျွေးပါ။ အစေ့အဆံတွေမကျွေးပါနဲ့။ အစာစားချိန်မှာ လူကြီးဘေးမှာ စောင့်ကြည့်ပေးပါ။ အိမ်တွင်းရှိ သေးငယ်သောအပိုင်းအစများ၊ ကြယ်သီးများ၊ အလွယ်တကူပြုတ်ထွက်နိုင်သော ကျိုးပဲ့လွယ်သော အပိုင်းအစများနှင့် သေးငယ်သောဘက်ထရီများအား ကလေးငယ်အနီးအနားတွင် ထားခြင်းအား ရှောင်ကျဉ်ပါ။ ကလေးငယ်အတွက် အရုပ်ဝယ်ယူပါက အရုပ်ပေါ်တွင်ဖော်ပြထားသော အသက်အရွယ်အား သေချာစွာဖတ်ရှူ့ပြီးမှသာဝယ်ယူပါ။






ကိုးကားသော websites များ👇👇



No comments:

Post a Comment

 ကလေးပြုစုပျိုးထောင်ရာတွင် မိဘတွေ မပြောသင့်သောစကားများ ၁။ နင်ဘာလို့ ဒီလောက် တုံးအရတာလဲ ကလေးတွေဟာ  သူတို့ရဲ့ဘဝမှာ သင်ယူမှုတွေနှင့် ဖြတ်သန်းကြ...