Sweeties
Tuesday, 14 June 2022
Monday, 30 May 2022
အနိုင်ကျင့်ခြင်းနှင့် ပတ်သတ်၍ ကိုင်တွယ်ဖြေရှင်းနည်း
အနိုင်ကျင့်ခြင်းဆိုသည်မှာ လူတစ်ဦး (သို့) အဖွဲ့တစ်ခုမှ အခြားလူတစ်ဦး၏ ရုပ်သွင်ပြင်၊ အပြုအမူ၊ လူမျိုးရေး၊ ကျော်ကြားမှု၊ လိင်ကွဲပြားမှု (ဥပမာ မိန်းမလျာ ယောက်ျားလျာ ဖြစ်ခြင်း) စသည်အပေါ် လှောင်ပြောင် ပြက်ရယ်ပြုခြင်းဖြစ်ပါသည်။
အနိုင်ကျင့်ခြင်းသည် ပုံစံအမျိုးမျိုး ရှိနိုင်သည်။
- ကိုယ်ထိလက်ရောက်ပြုလုပ်ခြင်း - အနိုင်ကျင့်သူသည် အနိုင်ကျင့်ခံရသူအား တွန်းခြင်း၊ ခလုပ်တိုက်ချော်လှဲအောင် ပြုလုပ်ခြင်း၊ ထိုးကြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခြင်း စသည်ပုံစံအမျိုးမျိုးဖြင့် နာကျင်အောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။
- နှုတ်ဖြင့် အနိုင်ကျင့်ခြင်း - အနိုင်ကျင့်သူသည် ဆဲရေးတိုင်းထွာပြုလုပ်ခြင်း၊ စနှောက်ခြင်းမျိုး ဖြစ်သည်။
- စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း - ထိုအနိုင်ကျင့်မှုမျိုးသည် လူတစ်ဖက်သား စိတ်ဒဏ်ရာရစေရန် အတင်းအဖျင်းပြောခြင်း ဖြစ်သည်။
- ဆိုက်ဘာ အနိုင်ကျင့်ခြင်း ( အင်တာနက် အနိုင်ကျင့်ခြင်း) - အနိုင်ကျင့်သူသည် အင်တာနက် လူမှုရေးကွန်ယက်ကို အသုံးပြုပြီး အသရေဖျက်သော စာများပေးပို့ခြင်း၊ ဖေ့ဘုတ် အင်စတာဂရမ်မှ ရိုင်းစိုင်းသော ကွန်မန့်များပေးခြင်း၊ တစုံတယောက်အား စော်ကားသည့်ပိုစ့်များ တင်ခြင်း စသည်တို့ ဖြစ်သည်။
Wednesday, 25 May 2022
ဖန်သားပြင်များကြည့်ရှုခြင်းနှင့် ဆက်လျင်း၍ ကလေးငယ်များ၏ ဥာဏ်ရည်ဖွံ့ဖြိုးမှုအပေါ်တွင် အဟန့်အတားဖြစ်စေနိုင်သော အကြောင်းအရင်း၃ချက်
Dr.Ducanda ၏အဆိုအရ သင့်ကလေးအား ဖန်သားပြင် ကြည့်ခြင်းအပေါ် ကန့်သတ်ထားသင့်သော အကြောင်းအရင်း ၃ချက် ရှိပါသည်။
၁။ ဖန်းသားပြင် ကြည့်ရှုခြင်းသည် သင့်ကလေး အထိအတွေ့အာရုံ ဖွံ့ဖြိုးမှုအား အနှောက်အယှက်ဖြစ်စေသည်
ကလေးငယ်တစ်ဦး၏ ဦးနှောက်ဖွံဖြိုးမှုရှိတယ်ဆိုသည်မှာ ကလေးဟာ သူရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အရုပ်တွေကို သူ၏လက်ကလေးဖြင့်ထိတွေ့ပြီး ကိုင်တွယ်ဆော့ကစားတာ ဖြစ်ပါတယ်။ ထို့ပြင် သူတို့ရဲ့ ပါးစပ်နှင့်လည်း အရသာခံကြည့်ပါသေးသည်။ ကလေးတစ်ဦးဟာ သူထိတွေ့ကိုင်တွယ်မှုမပြုလုပ်ရပဲ ဉာဏ်ရည်မဖွံ့ဖြိုးနိုင်ပါ။
၂။ သင့်ကလေး ဘေးပတ်ဝန်းကျင်စူးစမ်းလေ့လာမှုအား အဟန့်အတားဖြစ်စေသည်
ဖန်သားပြင်ကြည့်ခြင်းက ကလေးငယ်အား သီးခြားခွဲထားသလို ဖြစ်နေပါမည်။ ဥပမာ ကလေးတစ်ဦး၏လက်ထဲ၌ ဘောလုံးတစ်လုံးရှိမယ်ဆိုလျှင် သူဟာ ဘောလုံးဟာ လုံးတယ်၊ ဖိလိုက်လျှင် ပုံစံပြောင်းသွားမယ်၊ ပစ်လိုက်လျှင် နံရံဘက်သို့ လိမ့်သွားမယ် စသဖြင့် သူလုပ်လိုက်သမျှ ဦးနှောက်မှ ပိုင်းခြားစိတ်ဖြာပေးနေသည်။ အကယ်၍ ကလေးဟာ ဖန်သားပြင်ပဲ အဆက်မပြတ် ကြည့်မယ်ဆိုလျှင် ၎င်းမှာထွက်ပေါ်လာသော အလင်းရောင်နှင့် ရုပ်ပုံတွေက ကလေး၏ အာရုံကို ဆွဲဆောင်ထားသောကြောင့် ကလေးသည် အခြားတနေရာကို အာရုံပြောင်းလဲဖို့ရာ မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ကလေးဟာ သူ့၏ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့ ရပ်တန့်သွားမှာဖြစ်ပါသည်။
၃။ ကလေး၏ ဘာသာစကား ဖွံဖြို့မှုအား အတားအစီးဖြစ်စေသည်
ကလေးတွေ၏ ဘာသာစကားသင်ယူမှုဟာ တစ်ဦးနှင့်တစ်ဦး တုံ့ပြန်ဖလှယ်ရာတွင် ပို၍ လွယ်ကူစွာ တတ်မြောက်နိုင်သည်။ အကယ်၍ လူတစ်ဦးတစ်ယောက်က သူ့ကို ကြည့်မယ် ပြောမယ် သူ့နာမည်ကိုခေါ်မယ် သူဘာလုပ်နေသလဲဆိုတာ ပြောပြမယ်။ ဥပမာ အဖေက သားကို ' ငါ့သား အပေါ်ထပ်ကုတ်အင်္ကျီ ယူခဲ့ ၊ ငါတို့အပြင်သွားရအောင်' ပြောမယ်၊ တချိန်ထဲမှာပင် အဖေလဲ ထိုအပြုအမူကို လုပ်ဆောင်မယ်ဆိုလျှင် သားဟာ အဖေ ပြောချင်သည့်စကားအဓိပ္ပါယ်အား နားလည်သွားပေမည်။ သို့သော် ထိုစကားအား ကာတွန်းတစ်ခုထဲတွင် ကြားရပါက ကလေးအား နာမည်တိုက်ရိုက်ခေါ်ဆိုခြင်းမရှိပေ။ ထို့ကြောင့် ထိုစကားလုံးများသည် သူ့အတွက် အဓိပ္ပါယ်မရှိဖြစ်နေမည်။
Dr.Ducanda ၏ အတွေ့အကြုံအရ တီဗွီ ဖုန်း ကွန်ပြူတာ ဂိမ်း စသည်များ အလွန်အကျွံ ကြည်ရှုသော ကလေးငယ်များသည် အထီးကျန်စိတ်ရောဂါဝေဒနာကို ပို၍ ခံစားရစေသည်။ ထို့ကြောင့် ဖန်သားပြင် ကြည့်ရှုခြင်းအား တစ်နေ့လျှင် တစ်နာရီမျှသာ ကြည့်ရှုရန် ကန်သတ်ထားသင့်ကြောင်း ၎င်းမှ အကြံပြုထားပါသည်။
Websites များမှ ကိုးကား၍ ဘာသာပြန်သည်
Friday, 20 May 2022
သင့်ကလေး ကြီးထွားလာတဲ့အချိန်မှာ ဘာကြောင့် နာကျင်ရသလဲ
တချို့မိဘများကြုံတွေ့ရမှာပါ။ သင့်ကလေးဟာ ထိခိုက်မှုမရှိပဲ ခြေသလုံးနာတယ် ပေါင်နာတယ်လို့ ပြောရင် ဒါဟာသူတို့လေးတွေ ကြီးထွားလာလို့ပဲ ဖြစ်ပါတယ်။ ဒါဟာ အရိုးနာကျင်မှုမျိုးမဟုတ်ပဲ ကြွက်သားများနာကျင်ခြင်းလို့ သတ်မှတ်လို့ရပါတယ်။ ထိုနာကျင်မှုမျိုးဟာ ကလေးတွေ အသက် ၂နှစ်မှ ၆နှစ်အတွင်းနှင့် ၉နှစ်မှ ၁၂နှစ်အတွင်း အဖြစ်များပါတယ်။ ထို့အပြင် ညဘက်မှာ ပိုမိုဖြစ်တတ်ကြပြီး အခြေအနေဆိုးရွားပါက သင့်ကလေးဟာ အိပ်နေစဉ်အတွင်း နာကျင်တဲ့ဝေဒနာကြောင့် အော်ငိုနိုင်ပါတယ်။
ဒါဘာကြောင့်ဖြစ်ရသလဲ ?
နာကျင်မှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း နှစ်မျိုးရှိနိုင်ပါတယ်။ ပထမတစ်မျိုးကတော့ သင့်ကလေးဟာ ဆော့ကစားရင်း လဲကျလို့ ထိခိုက်နာကျင်တာဖြစ်နိုင်ပါတယ်။ ထိုနာကျင်မှုမျိုးက ကုသ၍ ပျောက်ကင်းနိုင်ပါတယ်။ ဒုတိယတစ်မျိုးကတော့ ကလေးဟာ ကြီးထွားမှု မြန်လာတာနှင့်အတူ အရိုးတွေလဲ ကြီးထွားလာမယ်။ ထိုအချိန် အရိုးနှင့်အတူ ကြွက်သားတွေ အရွတ်တွေပါ လိုက်ပြီး ကြီးထွားရတဲ့အတွက် ဆွဲဆန့်သလိုဖြစ်သောကြောင့် နာကျင်ရခြင်းဖြစ်တယ်။
ဒါဆိုရင် ကြီးထွားလာလို့ နာကျင်တာလား ဒါမှမဟုတ် အခြားဆိုးရွားတဲ့ ရောဂါများကြောင့် နာကျင်ရသလားဆိုတာ ဘယ်လိုသိနိုင်မလဲ?
ပထဦးစွာ ကြီးထွားလာမှုကြောင့် နာကျင်ခြင်းဖြစ်ပေါ်လျှင် ထိုနာကျင်ခြင်းဟာ နေရာတစ်ခုထဲမှာပဲ နာနေတာမဟုတ်ပါဘူး။ ဥပမာ ဒီတစ်ပတ် ညာဘက်ခြေထောက်နာတယ်ပြောရင် နောက်တစ်ပတ်ကျ ဘယ်ဘက်ခြေထောက် နာကျင်တာ ဖြစ်နိုင်ပါတယ်။ ထိုအချိန်မှာ သင့်ကလေးဟာ သူနာကျင်တဲ့ နေရာကို နှိပ်နယ်ခိုင်း ပွတ်သပ်ခိုင်းပါလိမ့်မယ်။ ဒါပေမယ့် အဲ့လို ပြုလုပ်ခြင်းက နာကျင်မှုကို ပိုဆိုးဝါးစေပါတယ်။
အကယ်၍ အရိုးအကျိတ်၊ ကင်ဆာ၊ အဆစ်ရောင်ခြင်း (သို့) ဘက်တီးရီးယားပိုးကြောင့် အရိုးအရွတ်များ နာကျင်ခြင်း ဆိုပါက ထိုနာကျင်တဲ့နေရာမှာ ယောင်နေတာ နီနေတာ (သို့) ပူနေသလို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ ထိုအချိန် ဆရာဝန်ထံ ပြသပြီး စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။
အကျဉ်းချုပ်ဆိုရသော် သင့်ကလေး နာကျင်မှုခံစားရပါက ဆရာဝန်ဖြင့်ပြသပါ။ ကြီးထွားမှုကြောင့် နာကျင်ခြင်းဖြစ်ပါက ထိုနေရာအား လိမ်းဆေး (သို့) ရေနွေးအိပ်ကပ်ခြင်းဖြင့် ပျောက်ကင်းနိုင်ပြီး နောက်ရက်ပိုင်းများတွင်လဲ ပြန်လည် ဖြစ်ပေါ်နိုင်ပါသည်။ အကယ်၍ ထိုနာကျင်တဲ့နေရာတွင် ယောင်ကိုင်းလာလျှင် ပူနွေးတယ်လို့ခံစားရလျှင် ဆရာဝန်ဖြင့် တိုင်ပင်ပြီး လိုအပ်သော ဆေးစစ်ချက်များ ပြုလုပ်ရန် လိုအပ်ပေသည်။
သင်မသိသေးတဲ့ မွေးကင်းစကလေးတွေအကြောင်း ၁၀ချက်
၁။ မွေးကင်းစကလေးတွေရဲ့ ပထမဆုံးသွားတဲ့ မစင်ဟာ မနံပါဘူး
မွေးကင်းစလေးတွေ ပထမဆုံးသွားတဲ့ ကတ္တရာစေးလိုမည်းညစ်နေတဲ့အရာတွေဟာ အမေရဲ့ဗိုက်ထဲမှာရှိစဉ် အချဉ်းနှင့်ဆက်နွယ်စဉ်က အစာချေဖျက်ထားတဲ့ အကျိအချွဲများသာဖြစ်သည်။ ထိုအချိန်တွင် ကလေးရဲ့အူလမ်းကြောင်းမှာ ဘက်တီးရီယားတွေ မရှိသေးတဲ့အတွက်ကြောင့် ထွက်လာတဲ့မစင်ဟာ အနံ့မရှိသေးပါဘူး။ ကလေးမိခင်နို့ဆို့ပြီးချိန်မှ အူလမ်းကြောင်းမှာ ဘက်တီးရီယားပိုးတွေ စတင်ဝင်ရောက်လာပါပြီ။ ထို့ကြောင့် နောက်ပိုင်းသွားတဲ့ အစိမ်း အဝါ အညိုရောင် ရှိတဲ့မစင်ကသာ မစင်နံံရှိပါတယ်။
၂။ တခါတလေ မွေးကင်စကလေးတွေဟာ နှလုံးခုန်ခဏတာရပ်သွားတတ်ပါတယ်
သင့်ကလေး အိပ်နေစဉ် ၅-၁၀ စက္ကန့်ထိ နှလုံးမခုန်တော့တာတွေ့ရင် မိဘတွေ စိုးရိမ်ပူထူသွားရမယ့်အဖြစ်ပါနော်။ ဒါပေမယ့် ဒါဟာပုံမှန်ဖြစ်စဉ်ပါ ။ အကယ်၍ အချိန်အနည်းငယ်ကြာ အသက်မရှူတော့ဘူး ပြာနမ်းလာမယ်ဆိုရင်တော့ အလျင်အမြန် ဆေးကုသမှုခံယူရပါမယ်။ ကလေးဟာ စိတ်လှုပ်ရှားတဲ့အချိန် (သို့) ငိုပြီးတဲ့အချိန်ဆိုရင် နှလုံးခုန်နှုန်း တစ်မိနစ်ကို အကြိမ်၆၀ရဲ့ အထက်မှာရှိပါတယ်။
၃။ သူတို့ရဲ့ လျှာပေါ်တွင် အရသာခံအဖုသေးသေးလေးတွေ (taste buds) ရှိပါတယ်
မွေးကင်းစလေးတွေရဲ့ ( taste sensors ) အရေအတွက်ဟာ ကလေးကြီးတွေလိုရှိတယ်ဆိုသော်လဲ သူတို့လေးတွေဟာ အချို အချဉ် အခါး အရသာ ၃မျိုးသာ ခံစားနိုင်ပါသေးတယ်။ အငန်အရသာကို ၅လအရွယ်ထိ မသိရှိသေးပါ။ ထို့ကြောင့် ကလေးတွေအတွက်ထုတ်ထားတဲ့ နို့မှုန့်တွေဟာ အချိုအရသာရှိနေတာဖြစ်ပါတယ်။ အချဉ်နှင့်အခါးအရသာဟာ သူတို့၏ နုနယ်အတဲ့ ကိုယ်တွင်းအင်္ဂါတွေအတွက် အန္တရာယ်ဖြစ်စေနိုင်လို့ဖြစ်ပါသည်။
၄။ မွေးကင်းစလေးတွေ ငိုရင် မျက်ရည်မထွက်ဘူး
သူတို့လေးတွေမွေးထွက်လာပြီး ၂ပတ်မှ ၃ပတ်ထိ ငိုတဲ့အချိန် မျက်ရည်မထွက်ပါဘူး။ တစ်လအရွယ်ရောက်မှသာ မျက်ရည်စထွက်ပါတယ်။ မွေးကင်းစလေးတွေရဲ့ ဂျီကျငိုယိုဆုံးအချိန်က အမေ၏ဗိုက်ထဲထွက်လာပြီး ၆ပတ်မှ ၈ပတ်အချိန်နှင့် ၄၆ပတ်တစ်ဝိုက်အချိန်တွေပဲ ဖြစ်ပါတယ်။ နောက် ၃လကြာရင်တော့ သူတို့လေးတွေ ဂျီကန်တာ လျော့သွားပါပြီ။
၅။ သူတို့လေးတွေရဲ့ ရင်သားလေးတွေဟာ ဖောင်းနေတတ်ပါတယ်
မွေးကင်းစလေးတွေ ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ရင်သားလေးတွေ မို့နေတတ်ပါတယ်။ တခါတလေ နို့ရည်ကြည်လေးတွေတောင် ထွက်လာတတ်ပါသေးတယ်။ ထိုဖောင်းနေတဲ့နေရာအား ဖိညှစ်ခြင်းမပြုလုပ်ရပါ။ ၎င်းဟာ အမေဗိုက်ထဲရှိစဉ်က အီစထရိုဂျင် စုပ်ယူမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်တယ်။ ထိုအရာတွေဟာ ရက်တစ်ပါတ်အနည်းငယ်မှာ ပြန်ကောင်းသွားပါလိမ့်မယ်။ တခါတလေ မိန်းကလေးတွေမှာ ရာသီအသေးစားလာတာ (သို့) မိန်းမကိုယ်မှာ အကျိအချွဲထွက်တာတို့တောင် ဖြစ်တတ်ပါတယ်။
၆။ သူတို့လေးတွေဟာ ညာဘက်လှည့်အိပ်ရတာ ပိုကြိုက်ကြတယ်
မွေးကင်းစကလေး ၁၅ရာခိုင်နှုန်းတွေသာလျှင် ဘယ်ဘက်လှဲအိပ်ရတာ သဘောကျကြပါတယ်။ အဲဒါဟာ တချို့မွေးရာပါ ပါးချိုင့်လေးတွေ ရှိတာနှင့်တူတယ်။ ထို့ကြောင့်လဲ ညာဘက်သန်တဲ့လူတွေ ပိုများတာဖြစ်တယ်။
၇။ မွေးကင်းစလေးတွေရဲ့ ဦးဏှောက်ဆဲလ်တွေဟာ လူကြီးတွေထက် ပိုများကြတယ်
မွေးကင်းစကလေးတွေရဲ့ ဦးဏှောက်အရွယ်အစားဟာ အသက်အရွယ်ကြီးလာတာနှင့်အမျှ တဖြည်းဖြည်း ကြီးလာတယ်ဆိုသော်လည်း သူတို့လေးတွေမှာ မတ်ဆေ့ချ်လေးတွေ အပြန်အလှန်သယ်ပို့နိုင်တဲ့ အာရုံကြောဆဲလ်လေးတွေ ပါရှိပြီးထားဖြစ်ပါတယ်။ ထိုဆဲလ်နယူရွန်လေးတချို့တော်တော်များများဟာ ပျက်စီးသွားရင် အစားပြန်မထိုးနိုင်ပါဘူး။ ထို့ကြောင့် လူကြီးတွေမှာ အဲ့ဒါလေးတွေ နည်းပါးလာရခြင်းဖြစ်ပါတယ်။ ကလေးတွေ ကြီးလာတာနှင့်အမျှ ဆဲ့လ်တစ်ခုနှင့်တစ်ခု အချိတ်အဆက်မှာလဲ ဖြတ်ညှပ်လိုက်သလိုဖြစ်သွားပါတယ်။ ထိုသို့ ဖြတ်ညှပ်လိုက်ခြင်းကြောင့် အာရုံစူးစိုက်မှုတွေပိုကောင်းလာနိုင်ပြီး တချို့တွေမှာလဲ ဖန်းတီးမှုပိုင်းတွေမှာ ပိုအားသာသွားနိုင်တယ်။
၈။ ယောင်္ကျားလေးရဲ့ လိင်အင်္ဂါအတံလေးဟာ ထောင်နေတတ်ပါတယ်
ထိုအရာဟာ သူတို့လေးတွေ ဆီးသွားချင်တဲ့အချိန် အဖြစ်များပါတယ်။ ဘယ်ကြောင့် ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရှိသေးပါ။ ထို့ကြောင့် မိဘတွေ ကလေးအနှီးလဲတဲ့အချိန်မှာ သတိထားစေချင်ပါတယ်ဒါ။ ဒါပေမယ့် ထိုအရာဟာ စိုးရိမ်စရာမလိုသလို ရှက်စရာလဲမလိုပါ။ သင်တို့တွေလဲ သူတို့လေးတွေ မမွေးခင် အာထရာဆောင်းရိုက်စဉ်က တွေ့ရှိပြီးထားလဲ ဖြစ်ချင်ဖြစ်ပါမယ်။ သူတို့လေးတွေရဲ့ဟော်မုန်းနှင့် အမေရဲ့ဟော်မုန်းကြောင့် တချို့မွေးကင်းစ ယောင်္ကျားလေးတွေရဲ့ လိင်အင်္ဂါဟာလဲ ကြီးနေတတ်ပါတယ်။ ဒါတွေဟာ စိုးရိမ်ပူပန်စရာ မလိုပါ။
၉။ သူတို့ကိုယ်သူတို့ ပြန်ကြောက်လန့်တတ်ကြပါတယ်
မွေးကင်းစလေးတွေဟာ ဆူညံတဲ့အသံတွေ စူးရှတဲ့အလင်းရောင်တွေ လျှပ်တပြတ်ပြုလုပ်လိုက်တဲ့ အပြုအမူတွေ အနံ့ပြင်းပြင်းတွေ နောက်ဆုံးသူတို့ရဲ့ငိုသံတွေတောင် သူတို့ကို ကြောက်လန့်မှုဖြစ်စေပါတယ်။ ထို့ကြောင့် သူတို့လေးတွေ ခြေလက်ယက်ကန်ဖြစ်တဲ့အချိန်တွေ ခန္တာကိုယ်ကို ကျုံ့လိုက်တဲ့အချိန်တွေမှာ ဟန်ချက်မညီပဲ အောက်သို့ကျလွယ်သောကြောင့် မိခင်များ အထူးသတိထားရပါမည်။
၁၀။ တချို့မွေးရာပါအမှတ်တွေက ပျောက်ကွယ်သွားတတ်ပါတယ်
Stork bites (သို့) Angel kissesလို့ခေါ်တဲ့ အမှတ်တွေ ( အထူးသဖြင့် နာဖူးပေါ် နှားခေါင်းပေါ် မျက်ခွံပေါ်နှင့် နှောက်စိပေါ်တွေမှာ ဖြစ်တတ်တဲ့ ပန်းရောင် (သို့) အနီရောင် အကွက်တွေ ) နှင့် Mongolian spots ( နောက်ကျောနှင့်အောက်ပိုင်းတွေမှာ အတွေ့များတဲ့ မှင်စွန်းသကဲ့သို့ အပြာရောင်အကွက်တွေ) ဟာ နှစ်အတန်ကြာလာရင် သူ့ဖာသာ မှေးမိန်ပျောက်ကွယ်သွားကြပါတယ်။ သွေးကြောတွေ အလျင်အမြန် ကြီးထွားမှုကြောင့် ဖြစ်လာတဲ့ စတော်ဘယ်ရီလို အနီရောင်အမှတ်တွေဟာလဲ နှစ်ကြာလာတာနှင့်အမျှ သူဖာသာ ပျောက်သွားပါလိမ့်မယ်။
ကိုးကားသော websites များ 👇👇
https://www.webmd.com/parenting/baby/ss/slideshow-baby-strange-facts
Tuesday, 17 May 2022
၁၂နှစ်အောက်ကလေးများ အသက်ရှူလမ်းကြောင်းထဲ အစာ(သို့)အရာဝတ္ထုတစ်ခုခု နင်နေပါက ရှေးဦးပြုစုနည်း
၁၂နှစ်အောက်ကလေးများ အသက်ရှူလမ်းကြောင်းထဲ အစာ(သို့)အရာဝတ္ထုတစ်ခုခု နင်နေပါက ရှေးဦးပြုစုနည်း
ကလေးပြုစုပျိုးထောင်ရာတွင် မိဘတွေ မပြောသင့်သောစကားများ ၁။ နင်ဘာလို့ ဒီလောက် တုံးအရတာလဲ ကလေးတွေဟာ သူတို့ရဲ့ဘဝမှာ သင်ယူမှုတွေနှင့် ဖြတ်သန်းကြ...
-
သင့်ကလေး ကြီးထွားလာတဲ့အချိန်မှာ ဘာကြောင့် နာကျင်ရသလဲ တချို့မိဘများကြုံတွေ့ရမှာပါ။ သင့်ကလေးဟာ ထိခိုက်မှုမရှိပဲ ခြေသလုံးနာတယ် ပေါင်နာတယ်လို့ ပ...
-
သင်မသိသေးတဲ့ မွေးကင်းစကလေးတွေအကြောင်း ၁၀ချက် ၁။ မွေးကင်းစကလေးတွေရဲ့ ပထမဆုံးသွားတဲ့ မစင်ဟာ မနံပါဘူး မွေးကင်းစလေးတွေ ပထမဆုံးသွားတဲ့ ကတ္တရာစေးလ...
-
၁၂နှစ်အောက်ကလေးများ အသက်ရှူလမ်းကြောင်းထဲ အစာ(သို့)အရာဝတ္ထုတစ်ခုခု နင်နေပါက ရှေးဦးပြုစုနည်း ကလေးဟာ ချောင်းဆိုးမယ် အသက်ရှူရတာခက်ခဲမယ် အသံထွက...























