Tuesday, 14 June 2022

 ကလေးပြုစုပျိုးထောင်ရာတွင် မိဘတွေ မပြောသင့်သောစကားများ




















၁။ နင်ဘာလို့ ဒီလောက် တုံးအရတာလဲ
ကလေးတွေဟာ  သူတို့ရဲ့ဘဝမှာ သင်ယူမှုတွေနှင့် ဖြတ်သန်းကြပါတယ်။ ထိုအချိန် အပြစ်ကင်းစင်တဲ့ ကလေးငယ်တွေကို ခက်ထန်တဲ့ စကားလုံးများ သုံးပြီး မပြောသင့်ပါ။ သူတို့လေးတွေရဲ့ စိတ်ထဲတွင် ဒဏ်ရာရသွားနိုင်ပြီး  ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ အားနည်းလာနိုင်ပါတယ်။

၂။ သူများရတယ် နင်ဘာလို့မရရတာလဲ
ကမ္ဘာပေါ်တွင် မိဘတွေကသာ သားသမီးတွေကို အခြားသူများနှင့် နှိုင်းယှဉ်ပြောဆိုကြပေမယ့် သားသမီးများက မိဘများကို အခြားမိဘများနှင့် နှိုင်းယှဉ်ပြောဆိုလျှင် မကြိုက်ကြပေ။ အခြားသူများနှင့် နှိုင်းပြောခြင်းသည် လူကြီးမှမဟုတ် ကလေးတွေလဲ မနှစ်သက်ပါ။ အထူးသဖြင့် အပျိုလူပျိုပေါက် အရွယ်များဆိုလျှင် ပိုဆိုးသည်။ ကလေးများ အခက်အခဲတွေနှင့် ရင်ဆိုင်ရချိန်တွင် မိဘများဟာ ပြစ်တင်ပြောဆိုနေမည့်အစား လမ်းညွှန်ပြသပေးမှသာ သားသမီးနှင့်မိဘ ဆက်ဆံရေးဟာ ပို၍ကောင်းမွန်လာမည်ဖြစ်သည်။

၃။ ထွက်သွား မင်းကြိုက်တဲ့နေရာသွားလို့ရတယ်
ကလေးတွေ အမှားပြုမိတဲ့အခါ မိဘတွေ စိတ်ဆိုးဒေါသဖြစ်ကြရစမြဲပါ။ ဒါပေမယ့်  ကလေးတွေရဲ့ နုငယ်တဲ့စိတ်ကလေးက ထိုကဲ့သို့ ခြိမ်းခြောက်သော စကားလုံးတွေရဲ့ဒဏ်ကို ခံနိုင်စွမ်း မရှိပါဘူး။ သူတို့လေးတွေ အမှားပြုမိချိန် လူကြီးတွေ ပြစ်တင်ပြောဆိုတဲ့အခါ ရင့်သည်းတဲ့ စကားလုံးတွေ အသုံးမပြုမိအာင် သတိပြုပါ။ 

၄။ တော်ပါပြီ နင်ဖြစ်မှာလဲမဟုတ်ဘူး
အမေရိကန်စိတ်ရောဂါပညာရှင် Paul Bloom ကပြောဖူးသည် ‘ သင်ယူခြင်း၏ တွန်းအားဟာ ထို သင်ယူမည့် အကြောင်းအရာအား စိတ်ဝင်စားခြင်းပင် ဖြစ်သည်’ ။ ကလေးတွေဟာ သူတို့သင်ယူဖို့ ရွေးချယ်လိုက်တဲ့အရာဟာ သူတို့ စိတ်ဝင်စားလို့ပဲဖြစ်ပါတယ်။ ထိုသို့ရွေးချယ်မှုအပေါ် အခက်အခဲများကြုံတွေ့ရသော်လည်း လူကြီးများအနေနဲ့ တွန်းအားပေးမှသာ အောင်မြင်မှုရနိုင်ပါမည်။ အကယ်၍ သူတို့ရွေးချယ်သောအရာသည် အမှန်တကယ် သူတို့နှင် မအပ်စပ်ပါကလဲ နင်ဖြစ်မှာလဲမဟုတ်ဘူး လို့ ပြောမည့်အစား အကြောင်းအရာဖြင့် ဖျောင်းဖျပြောဆိုသင့်သည်။



















၅။ နင်ကြောင့် ငါတို့ မျက်နှာကို မရှိဘူး
မိဘတွေဟာ သားသမီတွေကို ချစ်ခြင်းမေတ္တာတွေဖြင့်သာ ပြုစုပျိုးထောင်းပေးရမည်ဖြစ်သည်။ သားသမီးတွေဟာ သူတို့၏ မှတ်တိုင်တစ်ခုသို့ အောင်မြင်စွာရောက်ရှိဖို့ ကြိုးစားချိန် ( ဥပမာ စာမေးပွဲ ၊ ပြိုင်ပွဲ တစ်ခုခု) ရှုံးနှိမ့်မှုတွေ ကြုံရသောအခါ သားသမီးတွေ၏ ကြိုးစားမှုတစ်လျှောက် ရင်ဆိုင်ခဲ့ရသော ဖိအားတွေ ချွေးတွေကို ဂရုမပြုပဲ ပြစ်တင်တာတွေရှိတတ်ပါတယ်။ ဒါဟာ မလုပ်သင့်တဲ့ အပြုအမူပါပဲ။ ကလေး၏ကြိုးစားအားထုတ်မှုဟာ သူတို့၏ အနာဂါတ်အတွက်ပဲဖြစ်ပြီး မိဘတွေ မျက်နှာရဖို့ကြိုးစာနေရတာ မဟုတ်ကြောင်း နားလည်အောင် သင်ကြားပေးသင့်သည်။ 

၆။ အမေ တောင်းပန်ပါတယ် 
အမေတောင်းပန်ပါတယ်ဆိုတဲ့ စကားဟာ တချို့အမေတွေ၏ လက်သုံးစကားဖြစ်သည်။ ထိုစကားသည် ကလေးတွေကို လိမ္မာလာအောင် မပြုလုပ်နိုင်တဲ့အပြင် အသုံးများပါ ကလေးတွေ၏ စိတ်ဖိအားတစ်မျိုးဖြစ်လာကာ မိဘတွေအပေါ် စိတ်ပျက်လာနိုင်တဲ့အထိ ဖြစ်လာနိုင်ပါသည်။ ထိုပြင့် ထိုစကားအသုံးများသော မိဘများသည် သားသမီးအပေါ် ကောင်းမွန်စွာ သင်ကြားနိုင်သော အရည်အချင်းမရှိကြောင်းလည်းဖော်ပြနေသည်။

၇။ နင် စာကြိုးစားရင်ရပြီ တခြားဟာတွေ ဂရုစိုက်စရာမလိုဘူး
ကလေးတွေ ယခု သင်ယူနေရတဲ့အရာတွေဟာ စာမေးပွဲအောင်မြင်ဖို့အတွက်သာ မဟုတ်ပဲ သူတို့၏ ပိုမိုကောင်းမွန်သော အနာဂါတ်ဆီသို့ လျှောက်လှမ်းဖို့ရာဖြစ်သည်။ ထို့ကြောင့် ကျောင်းစာတစ်ခုထဲသာ သင်ယူစရာမဟုတ်ပေ။ ဘေးပတ်ဝန်းကျင်ရှိ ဒေသန္တရ ဗဟုသုတတွေအပြင် သင့်တင့်သော လုပ်အားတွေ ပြုလုပ်မှသာ စိတ်ရောကိုယ်ပါ ကျန်းမာသော ကလေးများဖြစ်ကြပြီး လှပသော အနာဂါတ်တွေ ရရှိကြမှာဖြစ်ကြသည်။  





No comments:

Post a Comment

 ကလေးပြုစုပျိုးထောင်ရာတွင် မိဘတွေ မပြောသင့်သောစကားများ ၁။ နင်ဘာလို့ ဒီလောက် တုံးအရတာလဲ ကလေးတွေဟာ  သူတို့ရဲ့ဘဝမှာ သင်ယူမှုတွေနှင့် ဖြတ်သန်းကြ...