Friday, 20 May 2022

သင်မသိသေးတဲ့ မွေးကင်းစကလေးတွေအကြောင်း ၁၀ချက်



၁။ မွေးကင်းစကလေးတွေရဲ့ ပထမဆုံးသွားတဲ့ မစင်ဟာ မနံပါဘူး

မွေးကင်းစလေးတွေ ပထမဆုံးသွားတဲ့ ကတ္တရာစေးလိုမည်းညစ်နေတဲ့အရာတွေဟာ အမေရဲ့ဗိုက်ထဲမှာရှိစဉ် အချဉ်းနှင့်ဆက်နွယ်စဉ်က အစာချေဖျက်ထားတဲ့ အကျိအချွဲများသာဖြစ်သည်။ ထိုအချိန်တွင် ကလေးရဲ့အူလမ်းကြောင်းမှာ ဘက်တီးရီယားတွေ မရှိသေးတဲ့အတွက်ကြောင့် ထွက်လာတဲ့မစင်ဟာ အနံ့မရှိသေးပါဘူး။ ကလေးမိခင်နို့ဆို့ပြီးချိန်မှ အူလမ်းကြောင်းမှာ ဘက်တီးရီယားပိုးတွေ စတင်ဝင်ရောက်လာပါပြီ။ ထို့ကြောင့် နောက်ပိုင်းသွားတဲ့ အစိမ်း အဝါ အညိုရောင် ရှိတဲ့မစင်ကသာ မစင်နံံရှိပါတယ်။










၂။ တခါတလေ မွေးကင်စကလေးတွေဟာ နှလုံးခုန်ခဏတာရပ်သွားတတ်ပါတယ်

သင့်ကလေး အိပ်နေစဉ်  ၅-၁၀ စက္ကန့်ထိ နှလုံးမခုန်တော့တာတွေ့ရင် မိဘတွေ စိုးရိမ်ပူထူသွားရမယ့်အဖြစ်ပါနော်။ ဒါပေမယ့် ဒါဟာပုံမှန်ဖြစ်စဉ်ပါ ။ အကယ်၍  အချိန်အနည်းငယ်ကြာ အသက်မရှူတော့ဘူး ပြာနမ်းလာမယ်ဆိုရင်တော့ အလျင်အမြန် ဆေးကုသမှုခံယူရပါမယ်။ ကလေးဟာ စိတ်လှုပ်ရှားတဲ့အချိန် (သို့) ငိုပြီးတဲ့အချိန်ဆိုရင် နှလုံးခုန်နှုန်း တစ်မိနစ်ကို အကြိမ်၆၀ရဲ့ အထက်မှာရှိပါတယ်။














၃။ သူတို့ရဲ့ လျှာပေါ်တွင် အရသာခံအဖုသေးသေးလေးတွေ (taste buds) ရှိပါတယ်

မွေးကင်းစလေးတွေရဲ့ ( taste sensors ) အရေအတွက်ဟာ ကလေးကြီးတွေလိုရှိတယ်ဆိုသော်လဲ သူတို့လေးတွေဟာ အချို အချဉ် အခါး အရသာ ၃မျိုးသာ ခံစားနိုင်ပါသေးတယ်။ အငန်အရသာကို ၅လအရွယ်ထိ မသိရှိသေးပါ။ ထို့ကြောင့် ကလေးတွေအတွက်ထုတ်ထားတဲ့ နို့မှုန့်တွေဟာ အချိုအရသာရှိနေတာဖြစ်ပါတယ်။ အချဉ်နှင့်အခါးအရသာဟာ သူတို့​၏ နုနယ်အတဲ့ ကိုယ်တွင်းအင်္ဂါတွေအတွက် အန္တရာယ်ဖြစ်စေနိုင်လို့ဖြစ်ပါသည်။ 


၄။ မွေးကင်းစလေးတွေ ငိုရင် မျက်ရည်မထွက်ဘူး

​သူတို့လေးတွေမွေးထွက်လာပြီး ၂ပတ်မှ ၃ပတ်ထိ ငိုတဲ့အချိန် မျက်ရည်မထွက်ပါဘူး။ တစ်လအရွယ်ရောက်မှသာ မျက်ရည်စထွက်ပါတယ်။ မွေးကင်းစလေးတွေရဲ့ ဂျီကျငိုယိုဆုံးအချိန်က အမေ​၏ဗိုက်ထဲထွက်လာပြီး ၆ပတ်မှ ၈ပတ်အချိန်နှင့် ၄၆ပတ်တစ်ဝိုက်အချိန်တွေပဲ ဖြစ်ပါတယ်။ နောက် ၃လကြာရင်တော့ သူတို့လေးတွေ ဂျီကန်တာ လျော့သွားပါပြီ။











၅။ သူတို့လေးတွေရဲ့ ရင်သားလေးတွေဟာ ဖောင်းနေတတ်ပါတယ်

မွေးကင်းစလေးတွေ ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ရင်သားလေးတွေ မို့နေတတ်ပါတယ်။ တခါတလေ  နို့ရည်ကြည်လေးတွေတောင် ထွက်လာတတ်ပါသေးတယ်။ ထိုဖောင်းနေတဲ့နေရာအား ဖိညှစ်ခြင်းမပြုလုပ်ရပါ။ ၎င်းဟာ အမေဗိုက်ထဲရှိစဉ်က အီစထရိုဂျင် စုပ်ယူမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်တယ်။ ထိုအရာတွေဟာ ရက်တစ်ပါတ်အနည်းငယ်မှာ ပြန်ကောင်းသွားပါလိမ့်မယ်။  တခါတလေ မိန်းကလေးတွေမှာ ရာသီအသေးစားလာတာ (သို့) မိန်းမကိုယ်မှာ အကျိအချွဲထွက်တာတို့တောင် ဖြစ်တတ်ပါတယ်။











၆။ သူတို့လေးတွေဟာ ညာဘက်လှည့်အိပ်ရတာ ပိုကြိုက်ကြတယ်

မွေးကင်းစကလေး ၁၅ရာခိုင်နှုန်းတွေသာလျှင် ဘယ်ဘက်လှဲအိပ်ရတာ သဘောကျကြပါတယ်။ အဲဒါဟာ တချို့မွေးရာပါ ပါးချိုင့်လေးတွေ ရှိတာနှင့်တူတယ်။ ထို့ကြောင့်လဲ ညာဘက်သန်တဲ့လူတွေ ပိုများတာဖြစ်တယ်။










၇။ မွေးကင်းစလေးတွေရဲ့ ဦးဏှောက်ဆဲလ်တွေဟာ လူကြီးတွေထက်  ပိုများကြတယ်

မွေးကင်းစကလေးတွေရဲ့ ဦးဏှောက်အရွယ်အစားဟာ  အသက်အရွယ်ကြီးလာတာနှင့်အမျှ  တဖြည်းဖြည်း ကြီးလာတယ်ဆိုသော်လည်း သူတို့လေးတွေမှာ မတ်ဆေ့ချ်လေးတွေ အပြန်အလှန်သယ်ပို့နိုင်တဲ့ အာရုံကြောဆဲလ်လေးတွေ ပါရှိပြီးထားဖြစ်ပါတယ်။ ထိုဆဲလ်နယူရွန်လေးတချို့တော်တော်များများဟာ  ပျက်စီးသွားရင် အစားပြန်မထိုးနိုင်ပါဘူး။ ထို့ကြောင့် လူကြီးတွေမှာ အဲ့ဒါလေးတွေ နည်းပါးလာရခြင်းဖြစ်ပါတယ်။  ကလေးတွေ ကြီးလာတာနှင့်အမျှ ဆဲ့လ်တစ်ခုနှင့်တစ်ခု အချိတ်အဆက်မှာလဲ ဖြတ်ညှပ်လိုက်သလိုဖြစ်သွားပါတယ်။  ထိုသို့ ဖြတ်ညှပ်လိုက်ခြင်းကြောင့် အာရုံစူးစိုက်မှုတွေပိုကောင်းလာနိုင်ပြီး တချို့တွေမှာလဲ ဖန်းတီးမှုပိုင်းတွေမှာ ပိုအားသာသွားနိုင်တယ်။










၈။ ယောင်္ကျားလေးရဲ့ လိင်အင်္ဂါအတံလေးဟာ ထောင်နေတတ်ပါတယ်

ထိုအရာဟာ သူတို့လေးတွေ ဆီးသွားချင်တဲ့အချိန် အဖြစ်များပါတယ်။ ဘယ်ကြောင့် ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရှိသေးပါ။ ထို့ကြောင့် မိဘတွေ ကလေးအနှီးလဲတဲ့အချိန်မှာ သတိထားစေချင်ပါတယ်ဒါ။  ဒါပေမယ့် ထိုအရာဟာ စိုးရိမ်စရာမလိုသလို ရှက်စရာလဲမလိုပါ။ သင်တို့တွေလဲ သူတို့လေးတွေ မမွေးခင် အာထရာဆောင်းရိုက်စဉ်က တွေ့ရှိပြီးထားလဲ ဖြစ်ချင်ဖြစ်ပါမယ်။ သူတို့လေးတွေရဲ့ဟော်မုန်းနှင့် အမေရဲ့ဟော်မုန်းကြောင့် တချို့မွေးကင်းစ ယောင်္ကျားလေးတွေရဲ့ လိင်အင်္ဂါဟာလဲ ကြီးနေတတ်ပါတယ်။ ဒါတွေဟာ စိုးရိမ်ပူပန်စရာ မလိုပါ။











၉။ သူတို့ကိုယ်သူတို့ ပြန်ကြောက်လန့်တတ်ကြပါတယ်

မွေးကင်းစလေးတွေဟာ ဆူညံတဲ့အသံတွေ စူးရှတဲ့အလင်းရောင်တွေ လျှပ်တပြတ်ပြုလုပ်လိုက်တဲ့ အပြုအမူတွေ အနံ့ပြင်းပြင်းတွေ နောက်ဆုံးသူတို့ရဲ့ငိုသံတွေတောင် သူတို့ကို ကြောက်လန့်မှုဖြစ်စေပါတယ်။ ထို့ကြောင့် သူတို့လေးတွေ ခြေလက်ယက်ကန်ဖြစ်တဲ့အချိန်တွေ ခန္တာကိုယ်ကို ကျုံ့လိုက်တဲ့အချိန်တွေမှာ ဟန်ချက်မညီပဲ အောက်သို့ကျလွယ်သောကြောင့် မိခင်များ အထူးသတိထားရပါမည်။












၁၀။ တချို့မွေးရာပါအမှတ်တွေက ပျောက်ကွယ်သွားတတ်ပါတယ်

Stork bites (သို့) Angel kissesလို့ခေါ်တဲ့ အမှတ်တွေ ( အထူးသဖြင့် နာဖူးပေါ် နှားခေါင်းပေါ် မျက်ခွံပေါ်နှင့် နှောက်စိပေါ်တွေမှာ ဖြစ်တတ်တဲ့ ပန်းရောင် (သို့) အနီရောင် အကွက်တွေ ) နှင့် Mongolian spots ( နောက်ကျောနှင့်အောက်ပိုင်းတွေမှာ အတွေ့များတဲ့ မှင်စွန်းသကဲ့သို့ အပြာရောင်အကွက်တွေ) ဟာ နှစ်အတန်ကြာလာရင် သူ့ဖာသာ မှေးမိန်ပျောက်ကွယ်သွားကြပါတယ်။ သွေးကြောတွေ အလျင်အမြန် ကြီးထွားမှုကြောင့် ဖြစ်လာတဲ့ စတော်ဘယ်ရီလို အနီရောင်အမှတ်တွေဟာလဲ နှစ်ကြာလာတာနှင့်အမျှ သူဖာသာ ပျောက်သွားပါလိမ့်မယ်။




ကိုးကားသော websites များ 👇👇

https://www.webmd.com/parenting/baby/ss/slideshow-baby-strange-facts

No comments:

Post a Comment

 ကလေးပြုစုပျိုးထောင်ရာတွင် မိဘတွေ မပြောသင့်သောစကားများ ၁။ နင်ဘာလို့ ဒီလောက် တုံးအရတာလဲ ကလေးတွေဟာ  သူတို့ရဲ့ဘဝမှာ သင်ယူမှုတွေနှင့် ဖြတ်သန်းကြ...