Monday, 30 May 2022

အနိုင်ကျင့်ခြင်းနှင့် ပတ်သတ်၍ ကိုင်တွယ်ဖြေရှင်းနည်း











အနိုင်ကျင့်ခြင်းဆိုသည်မှာ လူတစ်ဦး (သို့) အဖွဲ့တစ်ခုမှ အခြားလူတစ်ဦး​၏ ရုပ်သွင်ပြင်၊ အပြုအမူ၊ လူမျိုးရေး၊ ကျော်ကြားမှု၊ လိင်ကွဲပြားမှု (ဥပမာ မိန်းမလျာ ယောက်ျားလျာ ဖြစ်ခြင်း)  စသည်အပေါ် လှောင်ပြောင် ပြက်ရယ်ပြုခြင်းဖြစ်ပါသည်။

အနိုင်ကျင့်ခြင်းသည် ပုံစံအမျိုးမျိုး ရှိနိုင်သည်။ 

  • ကိုယ်ထိလက်ရောက်ပြုလုပ်ခြင်း - အနိုင်ကျင့်သူသည် အနိုင်ကျင့်ခံရသူအား တွန်းခြင်း၊ ခလုပ်တိုက်ချော်လှဲအောင် ပြုလုပ်ခြင်း၊ ထိုးကြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခြင်း စသည်ပုံစံအမျိုးမျိုးဖြင့် နာကျင်အောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။  
  • နှုတ်ဖြင့် အနိုင်ကျင့်ခြင်း - အနိုင်ကျင့်သူသည်  ဆဲရေးတိုင်းထွာပြုလုပ်ခြင်း၊ စနှောက်ခြင်းမျိုး ဖြစ်သည်။
  • စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း - ထိုအနိုင်ကျင့်မှုမျိုးသည် လူတစ်ဖက်သား စိတ်ဒဏ်ရာရစေရန် အတင်းအဖျင်းပြောခြင်း ဖြစ်သည်။ 
  • ဆိုက်ဘာ အနိုင်ကျင့်ခြင်း ( အင်တာနက် အနိုင်ကျင့်ခြင်း) - အနိုင်ကျင့်သူသည် အင်တာနက် လူမှုရေးကွန်ယက်ကို အသုံးပြုပြီး အသရေဖျက်သော စာများပေးပို့ခြင်း၊ ဖေ့ဘုတ် အင်စတာဂရမ်မှ ရိုင်းစိုင်းသော ကွန်မန့်များပေးခြင်း၊ တစုံတယောက်အား စော်ကားသည့်ပိုစ့်များ တင်ခြင်း စသည်တို့ ဖြစ်သည်။ 













အနိုင်ကျင့်ခံရခြင်း​​ကြောင့် ဖြစ်လာနိုင်သော အကျိုးဆက်များ
မကြာခဏ အနိုင်ကျင့်ခံရသောကြောင့် ကြောက်စိတ်ဝင်လာမည်။ စားမဝင် အိပ်မပျော်မှုများ ဖြစ်နိုင်ပြီး စိတ်ဖိစီးမှုများ၊ စိတ်ကျရောဂါများ ခံစားလာနိုင်သည်။ တခါတရံ မိမိကိုယ်ကိုယ် နာကျင်အောင်ပြုလုပ်ခြင်း နှင့် သေကြောင်းကြံစည်သည်အထိ ဖြစ်လာနိုင်ပါသည်။ ကျောင်းတွင်း အနိုင်ကျင့် ခံရပါက ကျောင်းသင်ခန်းစာများတွင် အနှောက်အယှက်ဖြစ်လာနိုင်ပါသည်။

ဒါဆိုရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်ပါသလဲ?
အကယ်၍ သင်သည် အနိုင်ကျင့်ခံရပါက (သို့) တစုံတယောက် အနိုင်ကျင့်ခံရသည်ကို သိရှိပါက လုပ်ဆောင်နိုင်သော နည်းလမ်းများစွာရှိပါသည်။ 

၁။ ယုံကြည်ရသူ လူကြီးတစ်ဦးဦးအား ပြောပြပါ 

ကျွန်တော်တိုကို အုပ်ထိန်းနေသော မိဘ၊ ဆရာ၊ နည်းပြ စသည့် အနိုင်ကျင့်ခြင်းအပေါ် ဖြေရှင်းပေးနိုင်မည့် လူကြီးတစ်ဦးဦးအား ပြောပြပါ။ 

၂။ ဂရုစိုက်ခြင်းမပြု၍ ရှေ့သို့ ဆက်လျှောက်ပါ

အနိုင်ကျင့်သူတွေသည် သူတို့ပြုလိုက်သည့် အပြုအမူအား ပြန်လည်တုံပြန်ခြင်းအား သဘောကျကြသည်။ ထို့ကြောင့် ဂရုစိုက်ခြင်းမပြုပဲ ရှေ့သို့ ဆက်လျှောက်ခြင်းဖြင့် ထိုအနိုင်အကျင့်လိုသော အပြုအမူသည် သင့်အတွက် မည်သို့မျှ အနှောက်အယှက်မဖြစ်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

၃။ ခေါင်းကိုမော့၍ လျှောက်လှမ်းပါ

ထိုအပြုအမူသည် သင်အား ပျော့ညံ့သူတစ်ယောက်မဟုတ်ကြောင်း ပြသသည်။


၄။ ကိုယ်ထိလက်ရာက် ပြုလုပ်ခြင်းအား ရှောင်ရှားပါ

အကယ်၍ သင်သည် အနိုင်ကျင့်သူအား ကိုယ်ထိလက်ရောက် ပြန်လည်တိုက်ခိုက်ပါက သင့်အား ပို၍ နာကျင် ဒုက္ခရောက်စေနိုင်သည်။ ထို့ကြောင့် သင်​၏ ဒေါသများအား တခြားနည်းလမ်းဖြင့် ဖြေရှင်းလိုက်ပါ။ ဥပမာ ချရေးခြင်း (သို့) လေ့ကျင်ခန်းပြုလုပ်ခြင်းဖြင့် ဖြေဖျောက်လိုက်ပါ ( မှတ်ချက်- ဒေါသဖြင့် ချရေးထားသော စာများသည် အမှားပါနိုင်သောကြောင့် စာပို့ခြင်း၊ ပို့စ်တင်ခြင်းများမပြုလုပ်ပဲ ဖြောက်ဖျက်ပစ်လိုက်ပါ) 

၅။ အနိုင်ကျင့်သူနှင့် ထိပ်တိုက်ဖြေရှင်းပါ

ထိုကဲ့သို့ ဆက်လက်ပြုမူမည်ဆိုပါက အခြေအနေ ပို၍ ဆိုးဝါးလာနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်ကြောင်း ထောက်ပြပြောဆိုပါ။

၆။ ယုံကြည်မှုရှိအောင် လေ့ကျင့်ပါ

အနိုင်ကျင့်သူအား နှုတ်ဖြင့်သော်လည်းကောင်း (သို့) ၎င်း​၏ အပြုအမူမှတဆင့်သော်လည်းကောင်း ပြန်လည်တုံပြန်နိုင်သော နည်းလမ်းများအား လေ့ကျင့်ပါ။ 

၇။ စစ်မှန်သော သူငယ်ချင်းကို ရှာပါ

သင်သည် လှောင်ပြောင်ခံရလျှင် (သို့) အတင်းပြောခံရလျှင် သင့်အား လုံခြုံမှုပေးနိုင်သော သူငယ်ချင်းများအား  ထိုအကြောင်းအရာအား ပြောပြတိုင်ပင်ပါ။ တစ်ဦးထဲ အထီးကျန်စွာ ဖြေရှင်းခြင်း မပြုပါနှင့်။

၈။ အနိုင်ကျင့်ခံရသောသူ (သို့) သူငယ်ချင်း ဘက်မှ ရပ်တည်ပေးပါ

သင်​၏ ကူညီထောက်ပံ့ပေးမှုကြောင့် အနိုင်ကျင့်ခြင်းအား ရပ်တန့်ကောင်းရပ်တန့်သွားနိုင်သည်။























၉။ ကျောင်း​၏ အနိုင်ကျင့်ခြင်း (သို့) အကြမ်းဖက်ခြင်းအား ဟန့်တားသည့် အစီအစဉ်တွင် ပါဝင်ပါ

ထိုအစီအစဉ်မှ အနိုင်ကျင့်သူနှင့် သင့်အား ပြေလည်အောင် ညှိနိုင်းပေးပါလိမ့်မည်။ 







Websites များမှ ကိုးကား၍ ဘာသာပြန်ရေးသားသည်။



 











No comments:

Post a Comment

 ကလေးပြုစုပျိုးထောင်ရာတွင် မိဘတွေ မပြောသင့်သောစကားများ ၁။ နင်ဘာလို့ ဒီလောက် တုံးအရတာလဲ ကလေးတွေဟာ  သူတို့ရဲ့ဘဝမှာ သင်ယူမှုတွေနှင့် ဖြတ်သန်းကြ...