Wednesday, 25 May 2022

 ဖန်သားပြင်များကြည့်ရှုခြင်းနှင့် ဆက်လျင်း၍ ကလေးငယ်များ၏ ဥာဏ်ရည်ဖွံ့ဖြိုးမှုအပေါ်တွင် အဟန့်အတားဖြစ်စေနိုင်သော အကြောင်းအရင်း၃ချက်













အမေရိကန် ကလေးသူငယ်များ သုတေသနကျောင်း (AAP) မှ ၁၈လအောက် ကလေးငယ်များအား ဗွီဒီယို ဖုန်းခေါ်ဆိုခြင်းမှလွဲ၍ ဖုန်း တီဗွီ ကွန်ပြူတာများ ပေးကြည့်ခြင်းအား ရှောင်ရှားရမည်ဟု အကြံပြုထားပါသည်။ ၁၈လမှ ၂၄လအတွင်း ကလေးများကိုလည်း မိဘများမှ အရည်အသွေးမြင့်တဲ့ အစီအစဉ်များကိုသာ ရွေးချယ်ပြီး ပြသပေးရမှာ ဖြစ်ပါတယ်။ 

Dr.Ducanda ​​၏အဆိုအရ သင့်ကလေးအား ဖန်သားပြင် ကြည့်ခြင်းအပေါ် ကန့်သတ်ထားသင့်သော အကြောင်းအရင်း ၃ချက် ရှိပါသည်။

၁။ ဖန်းသားပြင် ကြည့်ရှုခြင်းသည် သင့်ကလေး အထိအတွေ့အာရုံ ဖွံ့ဖြိုးမှုအား အနှောက်အယှက်ဖြစ်စေသည်

ကလေးငယ်တစ်ဦး​၏ ဦးနှောက်ဖွံဖြိုးမှုရှိတယ်ဆိုသည်မှာ ကလေးဟာ သူရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အရုပ်တွေကို သူ​၏လက်ကလေးဖြင့်ထိတွေ့ပြီး ကိုင်တွယ်ဆော့ကစားတာ ဖြစ်ပါတယ်။ ထို့ပြင် သူတို့ရဲ့ ပါးစပ်နှင့်လည်း အရသာခံကြည့်ပါသေးသည်။ ကလေးတစ်ဦးဟာ သူထိတွေ့ကိုင်တွယ်မှုမပြုလုပ်ရပဲ ဉာဏ်ရည်မဖွံ့ဖြိုးနိုင်ပါ။

၂။  သင့်ကလေး ဘေးပတ်ဝန်းကျင်စူးစမ်းလေ့လာမှုအား အဟန့်အတားဖြစ်စေသည်

ဖန်သားပြင်ကြည့်ခြင်းက ကလေးငယ်အား သီးခြားခွဲထားသလို ဖြစ်နေပါမည်။ ဥပမာ ကလေးတစ်ဦး​၏လက်ထဲ၌ ဘောလုံးတစ်လုံးရှိမယ်ဆိုလျှင် သူဟာ ဘောလုံးဟာ လုံးတယ်၊ ဖိလိုက်လျှင် ပုံစံပြောင်းသွားမယ်၊ ပစ်လိုက်လျှင် နံရံဘက်သို့ လိမ့်သွားမယ် စသဖြင့် သူလုပ်လိုက်သမျှ ဦးနှောက်မှ ပိုင်းခြားစိတ်ဖြာပေးနေသည်။ အကယ်၍ ကလေးဟာ ဖန်သားပြင်ပဲ အဆက်မပြတ် ကြည့်မယ်ဆိုလျှင် ၎င်းမှာထွက်ပေါ်လာသော အလင်းရောင်နှင့် ရုပ်ပုံတွေက ကလေး​၏ အာရုံကို ဆွဲဆောင်ထားသောကြောင့် ကလေးသည် အခြားတနေရာကို အာရုံပြောင်းလဲဖို့ရာ မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ကလေးဟာ သူ့​၏ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့ ရပ်တန့်သွားမှာဖြစ်ပါသည်။









၃။ ကလေး​၏ ဘာသာစကား ဖွံဖြို့မှုအား အတားအစီးဖြစ်စေသည်

ကလေးတွေ​၏ ဘာသာစကားသင်ယူမှုဟာ တစ်ဦးနှင့်တစ်ဦး တုံ့ပြန်ဖလှယ်ရာတွင် ပို၍ လွယ်ကူစွာ တတ်မြောက်နိုင်သည်။ အကယ်၍ လူတစ်ဦးတစ်ယောက်က သူ့ကို ကြည့်မယ် ပြောမယ် သူ့နာမည်ကိုခေါ်မယ် သူဘာလုပ်နေသလဲဆိုတာ ပြောပြမယ်။ ဥပမာ အဖေက သားကို ' ငါ့သား အပေါ်ထပ်ကုတ်အင်္ကျီ ယူခဲ့ ၊ ငါတို့အပြင်သွားရအောင်' ပြောမယ်၊ တချိန်ထဲမှာပင် အဖေလဲ ထိုအပြုအမူကို လုပ်ဆောင်မယ်ဆိုလျှင် သားဟာ အဖေ ပြောချင်သည့်စကားအဓိပ္ပါယ်အား နားလည်သွားပေမည်။ သို့သော် ထိုစကားအား ကာတွန်းတစ်ခုထဲတွင် ကြားရပါက ကလေးအား နာမည်တိုက်ရိုက်ခေါ်ဆိုခြင်းမရှိပေ။ ထို့ကြောင့် ထိုစကားလုံးများသည် သူ့အတွက် အဓိပ္ပါယ်မရှိဖြစ်နေမည်။

Dr.Ducanda ​၏ အတွေ့အကြုံအရ  တီဗွီ ဖုန်း ကွန်ပြူတာ ဂိမ်း စသည်များ အလွန်အကျွံ ကြည်ရှုသော ကလေးငယ်များသည် အထီးကျန်စိတ်ရောဂါဝေဒနာကို ပို၍ ခံစားရစေသည်။ ထို့ကြောင့် ဖန်သားပြင် ကြည့်ရှုခြင်းအား တစ်နေ့လျှင် တစ်နာရီမျှသာ ကြည့်ရှုရန် ကန်သတ်ထားသင့်ကြောင်း ၎င်းမှ အကြံပြုထားပါသည်။




Websites များမှ ကိုးကား၍ ဘာသာပြန်သည်






No comments:

Post a Comment

 ကလေးပြုစုပျိုးထောင်ရာတွင် မိဘတွေ မပြောသင့်သောစကားများ ၁။ နင်ဘာလို့ ဒီလောက် တုံးအရတာလဲ ကလေးတွေဟာ  သူတို့ရဲ့ဘဝမှာ သင်ယူမှုတွေနှင့် ဖြတ်သန်းကြ...